Please note that you are accessing the "Beta Version" of FishAdapt Project Website which is still undergoing. Please visit again soon.

ဘာသာစကား

  • English
  • Myanmar

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ FishAdapt စီမံကိန်းသည် ငါးလုပ်ငန်းကိုအမှီသဟဲပြုလုပ်ကိုင်နေသူအချင်းချင်း အသိပညာ၊ဗဟုသုတ၊နည်းပညာများ မိုဘိုင်းဖုန်းအသုံးပြု၍မျှဝေဖလှယ်ရေးပလက်ဖောင်း(အက်ပလီကေးရှင်း)ကို စတင်စမ်းသပ်လွင့်တင်ထား

September 17, 2021

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သည် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်အဖွဲ့ ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံများအတွက် ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းအပေါ် အမှီသဟဲပြု နေရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရာသီဥတုပြောင်းလဲမှု၊ ဘေးအန္တရာယ်ထိခိုက်မှုဒဏ်တို့အပေါ် ကြံကြံခံနိုင်စွမ်းနှင့် လိုက်လျောညီထွေမှုရှိနိုင်စွမ်းတို့ အားကောင်းလာစေရန် ပံ့ပိုးပေးသည့် FishAdapt စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ COVID-19 ကပ်ရောဂါနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေများသည် စီမံကိန်း၏ သတင်းအချက်အလက် မျှဝေရေးနှင့် အကောင်အထည်ဖော်မှု စွမ်းဆောင်ရည်ကို သက်ရောက်မှုများရှိခဲ့ပြီး ကုန်လွန်ခဲ့သည့် ၂ နှစ်နီးပါးကာလအတွင်း ကျေးရွာအဆင့်တွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် လူချင်းမျက်နှာချင်းဆိုင်တွေ့၍ တွေ့ဆုံဆွေးနွေးမှုများကို လုပ်ကိုင်နိုင်ရန် အခက်ခဲများစွာရှိခဲ့ပါသည်။

ထိုအခြေအနေများကို တုန့်ပြန်ဖြေရှင်းသည့်အနေဖြင့် FishAdapt စီမံကိန်းသည် ငါးလုပ်ငန်းကို အမှီသဟဲပြု လုပ်ကိုင်နေသူအချင်းချင်း အသိပညာ၊ ဗဟုသုတ၊ နည်းပညာများ မိုဘိုင်းဖုန်းအသုံးပြု၍ မျှဝေဖလှယ်ရေး ပလက်ဖောင်း (android အက်ပလီကေးရှင်း) ကို စတင်စမ်းသပ် လွှင့်တင်လိုက်ပြီဖြစ်ပါသည်။ အဆိုပါ ပလက်ဖောင်းမှနေ၍ အဝေရောက်စနစ်ဖြင့် စွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းများပို့ချခြင်း၊ ပြည်သူများအတွက်လိုအပ်မည့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ၊ အလေ့အကျင့်ကောင်များ၊ အတွေ့အကြုံများမျှဝေခြင်း တို့ကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

ထို့ပြင် ငါးလုပ်ငန်းဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ မျှဝေရင်း အပြန်အလှန်ချိတ်ဆက်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေး တန်လှန့်မှုများကို စာတိုသတိပေးစနစ်ဖြင့် အက်ပလီကေးရှင်းမှတဆင့် မျှဝေပေးခြင်းတို့ကို လုပ်ဆောင်နိုင်ရန်လည်း ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ ဏပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သောအားဖြင့် ယခု ပလက်ဖောင်းကို ငါးလုပ်ငန်းကဏ္ဏကို စိတ်ပါဝင်စားသည့် အများပြည်သူ မည်သူမဆို Google Play Store မှ နေ၍ android version 4.4 အထက်ရှိသော ဖုန်း၊ တဘလက်များပေါ်သို့ရယူ၍ ဝိုင်ဖိုင်အင်တာနက် (သို့) မိုဘိုင်းဒေတာချိတ်ဆက်၍ စတင် အသုံးပြုနိုင်ပါပြီ။

FishAdapt စီမံကိန်းမှ ပံ့ပိုးပေးထားသော ယခုအက်ပလီကေးရှင်းကို အောက်ပါ QR ကုဒ် ကို scan ဖတ်၍လည်းကောင်း၊ Google Play Store » https://play.google.com/store/apps/details?id=com.nwt.fishadapt မှ လည်းကောင်း ရယူလိုက်ပါ။ ယခုပလက်ဖောင်းနှင့် စပ်လျဥ်း၍ အသေးစိတ်သိရှိလိုပါက https://youtu.be/uEuzF3a6UyQ တွင် ကြည့်ရူ့နိုင်ပါသည်။